အမေရိကန်ပြည်ထောင်စုအစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်

ကျွန်ုပ်တို့အကြောင်း

TOR ၏ အကောင်းဆုံး အလေ့အထများ-

The Onion Router (TOR) ဘရောက်ဇာကို အသုံးပြုစဉ် သင်၏ကိုယ်ရေးကိုယ်တာ လုံခြုံရေး တိုးမြှင့်ရန် နည်းလမ်းများစွာရှိပါသည်။ TOR အသုံးပြုခြင်းအပြင် ဝက်ဘ်၌ သင်၏အသွားအလာ လုံခြုံရေးကို ပိုမိုမြင့်မားစေရန် စိတ်ချရသည့် လျှို့ဝှက် ကွန်ပျူတာကွန်ရက် (Virtual Private Network -VPN) ဝန်ဆောင်မှုများကို အသုံးပြုရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ TOR ကိုအသုံးမပြုမီ မိမိနိုင်ငံ၏ပြင်ပရှိ ဆာဗာတည်နေရာတစ်ခုနှင့် ချိတ်ဆက်ခြင်းဖြင့် ဝက်ဘ်၌ သင်၏အသွားအလာကို စောင့်ကြည့်ခြင်းမှ ပိုမိုကာကွယ်ထားပါသည်။ TOR ဘရောက်ဇာအတွင်း၌ TOR အတွင်း (“ဘေးကင်းရေးနှင့် လုံခြုံရေး”) “safety and security” အပိုင်း၌ အကြံပြုထားသော နောက်ထပ် အစီအစဉ်စနစ်များ ရှိပါသည်။ ပထမအနေဖြင့် VPN ကို ခလုတ်ဖွင့်ပါ။ ထို့နောက်-
  1. TOR ဘရောက်ဇာကို စတင်ပါ
  2. TOR စက်တင်များအတွင်းသွားပြီး (“ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေး”) “Privacy and Security” ကို ရွေးချယ်ပါ
  3. (“TOR ဘရောက်ဇာကို ပိတ်သည့်အခါ ကွတ်ကီးများနှင့် ဆိုက်ဒေတာကို ဖျက်ပါ”) “Delete cookies and site data when TOR browser is closed” ဟူသည့်အကွက်ကို အမှတ်အသားပြုပါ
  4. –(မှတ်တမ်း) History ဟူသည့်အပိုင်းရောက်အောင် အောက်သို့ရွှေ့လိုက်ပါ- စက်တင်များကို (“မည်သည့်အခါမျှ မှတ်တမ်းမထားပါနှင့်”) “Never remember history” ဟု ပြောင်းလိုက်ပါ
  5. (ခွင့်ပြုချက်များ) Permissions သို့ရောက်အောင် ရွှေ့လိုက်ပါ- ကင်မရာစစ်ဆေးရန် စက်တင်များ (“သင့်ကင်မရာထဲ ဝင်ရောက်ရန် တောင်းဆိုချက်အသစ်များကို ပိတ်ပင်ပါ”) “Block new requests asking to access your camera” တွင် ခလုတ်နှိပ်ပါ။ မိုက်ကရိုဖုန်းအတွက်လည်း ထိုသို့ပင် ပြုလုပ်ပါ။ ပိုမိုလုံခြုံရန်အတွက် သင့်ကိရိယာရှိ အရှေ့ကင်မရာကို တိပ်ပြား သို့မဟုတ် ပိတ်ပင်သည့်အရာတစ်ခုဖြင့် ဖုံးအုပ်ထားပါ။
  6. (လုံခြုံရေး) security သို့ရောက်အောင် ရွှေ့လိုက်ပြီး (“ဘေးအကင်းဆုံး”) “Safest” ကို ခလုတ်နှိပ်ပါ။ ထိုသို့ပြုလုပ်ပါက TOR အတွင်းရှိ လုပ်ဆောင်ချက်အချို့ကို မသုံးနိုင်သော်လည်း ဘေးအကင်းဆုံး ချိတ်ဆက်စေနိုင်ပါမည်။
  7. (HTTPS-သာ) HTTPS-Only စနစ်သို့ ပြောင်းလိုက်ပါ- ကွန်ပျူတာဖန်သားတွင် အကြောင်းအရာတစ်ခုချင်းပြသည့် အကွက်အားလုံးအတွက် (HTTPS-သာ စနစ်သုံးရန်) Enable HTTPS-Only ကို ခလုတ်နှိပ်ပါ။ ထိုသို့ပြုလုပ်ပါက သင်၏အချိတ်အဆက်အားလုံးကို ဝှက်ထားပြီး လုံခြုံကြောင်း သေချာစေပါမည်။
  8. (“ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေး”) “Privacy and Security” အောက်ရှိ “TOR” စက်တင်အတွင်း ဝင်ရောက်ပါ
  9. (“ပေါင်းကူးတစ်ခု သုံးပါ”) “Use a bridge” ဟူသည့်အကွက်ကို ခလုတ်နှိပ်ပါ
  10. (“torproject.org ထံမှ ပေါင်းကူးတစ်ခု တောင်းဆိုပါ”) “Request a bridge from torproject.org” ကို ခလုတ်နှိပ်ပါ
  11. (လူနှင့်စက် ခွဲခြားရန်အတွက် လုပ်ဆောင်ခိုင်းသည့်အရာ) CAPTCHA တစ်ခုကို ထည့်သွင်းပါ
  12. https://coveryourtracks.eff.org နှင့် https://ipleak.net ကို အသုံးပြု၍ သင်၏ကွန်ပျူတာနှင့် ဝက်ဘ်၌ အသွားအလာများကို ထူးခြားစွာသိစေနိုင်သော မည်သည့်အခြားအချက်အလက်များ ရှိသေးကြောင်းကို စစ်ဆေးပါ။

TOR နှင့် တရားမျှတမှုအတွက် ဆုငွေများအစီအစဉ်ထံ TOR ၏ သတင်းပေးသည့် လိုင်းအား ဘေးကင်းစွာ ချိတ်ဆက်နိုင်သည့် နည်းလမ်းများ-

  1. သင်မှ ငွေပေးချေပြီး စိတ်ချရသည့် VPN ဝန်ဆောင်မှုကို သုံးပါ။ အခမဲ့ VPN ဝန်ဆောင်မှုများသည် အမြဲစိတ်ချရသည် မဟုတ်ပေ။
  2. စိတ်ချရသည့် VPN ဝန်ဆောင်မှုတစ်ခုကို အသုံးပြု၍ သင်မှ TOR ထံဝင်ရောက်နေသည့်နိုင်ငံ၏ ပြင်ပရှိ တည်နေရာတစ်ခုနှင့် သင်၏ကိရိယာကို ချိတ်ဆက်ပါ။
  3. TOR ဘရောက်ဇာကို စတင်ပါ။
  4. သင်မှ သင့်တော်သည်ဟု ယူဆသည့်အတိုင်း Configure TOR လုံခြုံရေးစက်တင်များကို စီစဉ်ပါ။
  5. ပိုမို၍လုံခြုံရန်အတွက်၊ ဤအချိတ်အဆက်က သင့်အိမ်၏တည်နေရာကို မသိရှိနိုင်စေဖို့ ကော်ဖီဆိုင် သို့မဟုတ် ဟော်တယ် ဧည့်သည်စောင့်ခန်းမှကဲ့သို့ ရုပ်အထည်နှင့်ရှိသော ပရောက်စီတစ်ခုကို အသုံးပြုပါ။

TOR နှင့်ပတ်သက်သည့် ဘေးကင်းလုံခြုံရေးအတွက် အချိတ်အဆက်များ-

  1. TOR ပေါင်းကူးများဆိုင်ရာ အချက်အလက်များ- https://tb-manual.torproject.org/bridges/.
  2. TOR လုံခြုံရေးဆိုင်ရာ အချက်အလက်များ- https://tb-manual.torproject.org/security-settings/.

SUBMIT A TIP

Do Your Part. Secure a Safer World.

There are many ways to submit information to Rewards for Justice.

You may choose from multiple platforms and contact us in numerous languages. To process your information efficiently, we ask you to state your information as succinctly as possible, provide your name, location, and preferred language, and upload all relevant files such as photographs, videos, and documents to support your information. An RFJ representative will soon contact you. Please be patient, as RFJ reads every tip we receive.

Please open your Line app to submit a tip. The number is +1 202 702 7843

Please open your Viber app to submit a tip. The number is +1 202 702 7843

Please visit our Tor-based tips-reporting channel at: he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

သတင်းပေးရန်

သင့်အပိုင်းကို လုပ်ဆောင်ပါ။ ပိုမိုဘေးကင်းသော ကမ္ဘာတစ်ခု ရယူပါ။

သတင်းပေးရန် နည်းလမ်းများစွာရှိပါသည်။

ပလက်ဖောင်းအမျိုးမျိုးမှ သင်ရွေးချယ်၍ ကျွန်ုပ်တို့ကို ဘာသာစကား အမျိုးမျိုးဖြင့် ဆက်သွယ်နိုင်ပါသည်။ သင်၏သတင်းအချက်အလက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ရန်၊ သင်၏ အချက်အလက်ကို တတ်နိုင်သမျှ တိုတောင်းစွာဖော်ပြရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်၊ သင့်အမည်၊ တည်နေရာနှင့် နှစ်သက်သည့် ဘာသာစကားတို့ကို ပေးပြီး ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် သင်၏သတင်းအချက်အလက်ကို ပံ့ပိုးမည့် သက်ဆိုင်သည့် ဖိုင်အားလုံးကို တင်သွင်းပါ။ RFJ ကိုယ်စားလှယ်တစ်ဦးမှ သင့်အား မကြာမီဆက်သွယ်ပါမည်။ RFJ သည် ကျွန်ုပ်တို့လက်ခံရရှိသည့် သတင်းပေးချက်တိုင်းကို ဖတ်ရှုသည့်အတွက် ကျေးဇူးပြု၍ စိတ်ရှည်ပေးပါ။

သတင်းပေးရန် Signal အက်ပ်ကို ဖွင့်လိုက်ပါ

ထိုနံပါတ်သည် +1 202 702 7843

သတင်းပေးရန် Line အက်ပ်ကို ဖွင့်လိုက်ပါ

ထိုနံပါတ်သည် +1 202 702 7843

သတင်းပေးရန် Telegram အက်ပ်ကို ဖွင့်လိုက်ပါ

ထိုနံပါတ်သည် +1 202 702 7843

သတင်းပေးရန် Viber အက်ပ်ကို ဖွင့်လိုက်ပါ

ထိုနံပါတ်သည် +1 202 702 7843

ကျွန်ုပ်တို့၏ Tor အခြေပြု သတင်းပေးသည့် ချယ်နယ်ကို ကျေးဇူးပြု၍ ၀င်ရောက်ကြည့်ရှုပါ-he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

ဘာသာစကားများ

Skip to content